MM Voice အကြောင်း (About MM Voice)
MM Voice သည် သတင်းဌာနတစ်ခု မဟုတ်ပါ။ ပြည်တွင်းပြည်ပမှ မြန်မာ့သတင်းများကို ပြည်သူများ တစ်နေရာတည်းတွင် လွယ်ကူစွာ ဖတ်ရှုနိုင်ရန် စုစည်းတင်ဆက်ပေးထားသော အက်ပ် (App) တစ်ခုသာ ဖြစ်ပါသည်။
ဤအက်ပ်တွင် ပါဝင်သော သတင်းများသည် မူရင်းသတင်းဌာနများ၏ တင်ဆက်မှုများကို အချိန်တိုအတွင်း ဖတ်ရှုနိုင်ရန် အနှစ်ချုပ်ဖော်ပြပေးခြင်းနှင့် မူရင်းသတင်းစာမျက်နှာများထံသို့ တိုက်ရိုက်လမ်းညွှန် ချိတ်ဆက်ပေးခြင်းတို့ကိုသာ လုပ်ဆောင်ပေးပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်ရွယ်ချက်မှာ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ပြည်သူလူထုထံသို့ အချိန်နှင့်တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ ရောက်ရှိစေရန် ကူညီချိတ်ဆက်ပေးသော ပေါင်းကူးတံတားတစ်စင်းအဖြစ် ရပ်တည်ရန် ဖြစ်ပါသည်။
MM Voice သည် မည်သည့်စီးပွားရေး အကျိုးအမြတ်ကိုမျှ ရယူထားခြင်းမရှိသော (Non-profit) အက်ပ်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် အသုံးပြုသူများအနေဖြင့် ကြော်ငြာများ (Ads) ၏ အနှောင့်အယှက်ကင်းစွာဖြင့် သတင်းများကို လွတ်လပ်စွာ အခမဲ့ ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
အသုံးပြုသူ မိဘပြည်သူများအားလုံး စိတ်နှလုံးချမ်းမြေ့ကြပါစေခင်ဗျာ။
Created by @kanmaungnyo







Community comments
Comments are read-only for now.